Latest News
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှင့် Covid-19ကူးစက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့်အတူ လှိုင်းဘွဲ့မြို့အတွင်းရှိ ရေဘေးရှောင် အိမ်ထောင်စု(၃၃၀)စုမှ လူဦးရေ(၁၅၇၆)ဦးအတွတ် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၃၀၉၆၀၀/-)ကျပ်နှင့် အိမ်ထောင်စု (၃၃၀)စုအတွတ် ဆပ်ပြာ(၃၃၀)ထောင့်တို့အား (၂၅-၈-၂၀၂၀) ရက်နေ့ မနက်(ဝ၉:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဘေးအန္တရာယ်နှင့် Covid-19ကူးစက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေးပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #ar #krn_aug2020
-
Covid-19 ကူးစက်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ အတွင်းရှိ ကတိုင်တိကျေးရွာ၊ ကကိုင်းဘောကျေးရွာ၊ ကကူလားကျေးရွာ၊ ဝှေဆန်ကျေးရွာနှင့် ကူးဆိပ်ကျေးရွာများတွင် COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွား တတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_aug2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ ဇလွန်မြို့နယ်၊ ကြာအင်းအုပ်စု၊ ရေပေါက်ကြီးကျေးရွာ နှင့် ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၅၂၀၀/-)ကျပ် တို့ကို (၂၅-၈-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_aug2020
-
IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps)၊ (၅)ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံးရှိ အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၅)ဦးနှင့် (၆)ရပ်ကွက်မူကြိုကျောင်းရှိ အိမ်ထောင်စု (၃၈)စု၊ လူဦးရေ(၁၈၇)ဦးတို့အတွက် ထုံး (၂၀)အိတ်၊ လက်ဆေးဆပ်ပြာ(၉၀၄)ခဲတို့ကို ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_aug2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၄.၈.၂၀၂၀)ရက်နေ့ မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတောကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ဘုဘကျေးရွာ၊ ညောက်ဖြူပင်ကျေးရွာ၊ ပေါက်ပင်ကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ ရေဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်၌ သီပေါမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအနီးတွင် တောင်ကျရေများစီးဆင်းသဖြင့် ချောင်းရေ လျှံပြီး ရေဝင်ရောက်သည့် လူနေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၂၃၅,၂၀၀/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့ခဲ့ပါကြောင်း … Read more









