Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် မြိတ်သံသရာအေးအထောက်အကူပြုလူမှုကူညီရေးအသင်း ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်း၍ ငါးလေလံဈေး၊ အောင်မင်္ဂလာဈေး၊ ဆိပ်ငယ်ဘောတံတား၊ ကမ်းနားလမ်း၊ တိုးချဲ့ဈေး၊ လေယာဉ်ကွင်းလမ်းဆုံတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအုပ်စု၊ အရှေ့မော်တုန်းကျေးရွာ၊ အနောက် မော်တုန်းကျေးရွာများတွင် Covid-19 အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောများဖြန့်ဝေခြင်းနှင့် ရေဘေးဗွီနိုင်း ပိုစတာများ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_aug2020
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့၊ (၁၇:၂၀) အချိန်တွင် ကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ စက်မှုဇုန်ရှိ ဆီသိုလှောင်ရုံ မီးလောင်မှုကြောင့် ဒဏ်ရာရလူနာ(၁၅)ဦး၊ (၁)ဦးလျှင် ဒဏ်ရာရထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၀,၀၀၀/-) ကျပ်အား (၂၁-၈-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_aug2020
-
ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအားအသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် (၁၀၂၀) သို့ရောက်ရှိနေပြီး ကသာမြို့၊ သဖန်းကိုင်းရပ်ကွက်နှင့် ပိန္နဲကုန်းရပ်ကွက်တို့တွင် ရေဝင်ရောက်လျက်ရှိသောကြောင့် ပြည်သူများအား ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ ဆော်ဩခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့် မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၌ (၁၉-၈-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းမြှင့်တက်လာပြီး တာမခန်ကျေးရွာ၊ နန့်နား လှိုင်းရပ်ကွက်ဥရုချောင်းဘေးရှိ ကမ်းပါးမြေချောင်းရေတိုက်စားမှုကြောင့် နေအိမ်ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၅)ဦးတို့်အတွက် (၇)ရက်စာဆန်ဖိုး ထောက်ပံ့ငွေ(၃၁,၅၀ဝိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၁,၅၀ဝိ/-)ကျပ်အား (၂၁-၈-၂၀၂၀)ရက်နေ့၊ (၁၄:၅၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့၊ အမှတ်(၃) ရပ်ကွက်နေ ဦးဟန်ဇော်လင်း၏ နေအိမ်အတွင်း ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြေသားပျော့၍ မန်းကျီးပင်လဲ ပြိုကျပျက်စီးသွားသော အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်တို့ကို (၂၁-၈-၂၀၂၀) … Read more









