ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက် မြို့နယ်အတွင်း (၂၁-၈-၂၀၂၀) ရက်နေ့နှင့် (၂၂-၈-၂၀၂၀)ရက်နေ့များ၌ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၆၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၅၅၀,၂၀၀/-) ကျပ်တိတိအား (၂၂-၈-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွံမှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #sgg_aug2020

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ညောင်လန်းငူကျေးရွာ၊ ရိုးကုန်းကျေးရွာ၊ ဆိပ်မအရှေ့ကျေးရွာ၊ဆိပ်မအနောက်ကျေးရွာ၊ခါချည်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက် များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်ဝေငှ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ မိုးကောင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် နန့်ရင်းရပ်ကွက်နှင့် ကျွန်းပင်သာ ကျေးရွာအုပ်စုတို့တွင် ရေများဝင်ရောက်ခဲ့သောကြောင့် ထပ်မံပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု(၁၀)စုမှ လူဦးရေ ကျား(၁၆)ဦး၊ မ(၂၅)ဦး ပေါင်း(၄၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၈၆,၁၀ဝိ/-) ကျပ်အား (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020

  • သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ (၇:၀၀)အချိန်မှ (၁၅:၃၀)အချိန်ထိ ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး (ဝဲ/ယာ )ရှိ ကျေးရွာများ၌ မြစ်ရေကြီးခြင်း သတိပေးချက် နှိုးဆော်ခြင်းလုပ်ငန်းများနှင့် ရေဘေးအသိ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီအဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ရေလည်ကျွန်းအုပ်စု၊အောင်မင်္ဂလာကျေးရွာ (၂၁.၈.၂၀၂၀)ရက်နေ့ ဧရာဝတီ မြစ် ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၁)စု မှ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၄၂၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုးတို့ကို (၂၂.၈.၂၀၂၀)ရက်နေ့ နေ့လည် (၁၂:၃၀)အချိန်တွင် ပြည့်သူလက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #bgo_aug2020     Source: … Read more

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀)ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ခွန်သာ ရပ်ကွက်နှင့် ပေါက်ကုန်းရပ်ကွက်တို့မှ ပြောင်းရွှေ့အိမ်ထောင်စု (၂၁၅)စု၊ လူဦးရေ (၉၇၉) ဦးတို့အတွက် ဆပ်ပြာ(၂၁၅)ခဲ၊ အဝတ်mask(၉၇၉)ခုနှင့် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၂,၀၅၅,၉၀၀/-) ကျပ်တို့ကို (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020