လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့၊ သနပ်ပင်မြို့နယ်၊ ရွာသစ်ပိုင်း ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ (၁၆၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ(၁၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၉,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၈၉,၄၀၀) ကျပ်တို့ကို (၂၅.၈.၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်ထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)