Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၅-၈-၂၀၂၀) ရက်နေ့‌၊ (၁၀း၃၀)နာရီအချိန်မှစ၍ ကြို့ပင်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာ၊ ကန်ကြီးကုန်း ကျေးရွာ၊‌စီကိုင်းကျေးရွာ၊‌ သရဲကုန်းကျေးရွာ၊ တောဝင်ကျေးရွာ၊ ပက်တန်းကုန်းကျေးရွာ များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသောCovid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့် တားမြစ်မိန့်နှင့် ညွှန်ကြား ချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ ဝေငှဖြန့်ဝေခြင်းတို့အားလည်းကောင်း၊ အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events