သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေခေါင်းစဉ်ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

ဩဂုတ်  ၂၅၊ နေပြည်တော်                                                   

        မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း အောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာ၏ လျာထားအခန်း(၆)ခန်းအနက် အခန်း(၅) ဖြစ်သည့် သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        ရှေးဦးစွာ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူးဖြစ် သည့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက အစည်းအဝေးခေါ်ယူရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက အုပ်စုဖွဲ့ဆွေးနွေးခြင်းများပြုလုပ်ကြပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကား ပြောကြားပါသည်။

 အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီဝင်များ၊ အခြားဆပ်ကော်မတီ (၈) ခုမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် မသန်စွမ်းသူများ၏အခွင့် အရေးများဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီဝင်များနှင့် UNICEF (မြန်မာ) မှ တာဝန်ရှိသူ များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

#dydg_otr

#npw_aug2020

Source:  MOSWRR

 

Sign Up

Upcoming Events