
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ၊ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ကျွန်းတော(မြောက်)ရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ ကျွန်းတော(တောင်)ရပ်ကွက်၊ စမ်းချောင်း(တောင်)ရပ်ကွက်၊ ဝေဠုဝန်(တောင်)ရပ်ကွက်၊ စမ်းချောင်း(မြောက်)ရပ်ကွက်များတွင် Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြား ချက်များနှင့် မုန်တိုင်းဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ ၊သဘာဝဘေးအသိပညာပေးခြင်းများအား အရာထမ်းအမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ygn_Sep2020
Source – ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)