lDP စခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) မိုင်းယုလေး၌ အိမ်ထောင်စု (၇၇) စု၊ လူဦးရေ (၃၈၉) ဦး၊ မိုင်းယု(ကုန်စုံ)၌ အိမ်ထောင်စု (၈၂) စု၊ လူဦးရေ (၄၂၄) ဦးနှင့် အမှတ် (၆) ရပ်ကွက် မူကြိုကျောင်း၌ အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၁၈၇) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၉၇) စု၊ လူဦးရေ (၁,၀၀၀) ဦးတို့အတွက် စခန်းတစ်ခုလျှင်ထုံး (၁၀) အိတ်နှုန်း၊ လူတစ်ဦးလျှင် ဆပ်ပြာ (၁) တောင့်နှုန်းဖြင့် စုစုပေါင်းထုံး (၃၀) အိတ်၊ လက်ဆေးဆပ်ပြာ (၁,၀၀၀) တောင့်တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_sep2020

Sign Up

Upcoming Events