ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ  ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ  (၁၂:၀၀) နာရီအချိန်အထိ  Covid19 ကူးစက်ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ဘေး စသော သဘာဝဘေးများနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်များကို ကလေးမြို့နယ်အတွင်းရှိ ဒိုးဝိုင်း‌ချောင်းကျေးရွာ၊ ညောင်တောကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ ပျဉ်းခုံကြီးကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ သာယာကုန်ကျေးရွာ၊ လက်ပံ ချောင်းကျေးရွာ၊ မြောက်ချောတောကျေးရွာ၊ ပျဉ်းတောဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့ တွင် … Read more

  • Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) မှ (၁၄:၀၀) အချိန်ထိ ကျိုက်မရောမြို့နယ်၊ ခနောင်ကျေးရွာနှင့် ကလိုင်းကနိုင်ကျေးတို့တွင် Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တာရယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့အား ပြုလုပ်ခဲ့ပြီး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၈:၃၀) မှစတင်၍ နတ်မောက်မြို့ပေါ်ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါ ဒုတိယလှိိုင်းမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်ဆောင်ရန်ရှောင်ရန်များကို ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဒီပဲယင်းရပ်ကွက်၊ တောင်ပြင်ရပ်ကွက်၊ ပျော်ဘွယ်ကျေးရွာနှင့် ကံပြားကျေးရွာတို့အတွင်း Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး စသောသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင် သထုံမြို့နယ်၊ သရက်ညီနောင်ကျေးရွာနှင့် ဈေးမသွယ်အထက်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး စသောသဘာဝအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020