လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀)ရက်နေ့မှ (၂-၉-၂၀၂၀)ရက်နေ့ (၁၀း၀၀)အချိန်တွင် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရှိ (ယာယီ)IDPs စခန်း(၄)ခုမှ စုစုပေါင်းအိမ်ထောင်စု (၂၆၆)စုတို့အတွက် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀ဝ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၄၀,၀၀ဝ/-)အား စခန်းရှိပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_sep2020
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)