
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ ကိုးမိုင်ကျေးရွာတွင် (၂-၉-၂၀၂၀) ရက်နေ့၊ (၀၀:၀၅) အချိန်၌ မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁) စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ ( ၆,၃၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂ဝ၆,၃၀ဝိ/) ကျပ်တို့အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုတို့အား ရေးမြို့နယ်ဦးစီးမှူးရုံးမှ လည်းကောင်း (၂-၉-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_sep2020