
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၉-၂၀၂၀) ရက်နေ့တွင် အင်းတော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် နားခါကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ ရွှေသီဘာကျေးရွာ၊ နန်းကင်ကျေးရွာ၊ နတ်မဟုတ်ကြီးကျေးရွာ၊ နတ်မဟုတ်လေးကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ နဘားစံပြကျေးရွာနှင့် ကမ်းနီကျေးရွာများရှိ ပြည်သူများသို့ COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန် များကို (၁၄:၀၀)နာရီအချိန်မှ (၁၈:၀၀) နာရီအချိန်ထိ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_sep2020