Latest News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာအုပ်စုအတွင်းရှိ သဲဖြူချောင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ဝါးဖြူကုန်းကျေးရွာနှင့်ကျိုက်တဲကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး နှင့် မြေပြိုဘေးတို့နှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆောင် ခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့ ညတွင် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်(တောင်) ရပ်ကွက်၊ မယ်ဆွမ်(မြောက်)ရပ်ကွက်၊ ဝမ်ကျောင်းရပ်ကွက်၊ နောင်ဟီးရပ် ကွက်၊ မြို့သစ်ရပ်ကွက်၊ ဝိန်းနေရပ်ကွက်၊ ဝိန်းဝိုင်ရပ်ကွက်၊ ကျဒယ်ရပ်ကွက်၊ နားကောရပ်ကွက်၊ နားမရပ်ကွက်နှင့် နောင်ပိုရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀)ရက်နေ့ နံနက်(၀၈:၀၀)နာရီချိန်မှ (၁၁:၃၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ဆင်စွယ်ကျေးရွာ၊ ဖာလုံကျေးရွာ၊ နို့ဂေါ်ကျေးရွာနှင့် ဝါးဖိုးကုလားကျေးရွာများတွင် COVID-19 ကူးစက် မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_sep2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီမှ (၁၆:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့၊ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀) မြို့ပေါ်ရပ်ကွက်များသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် our lovely group၊ စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ဈေးပိုင်းရပ်ကွက်ရှိပြည်သူများနှင့် စားနပ်ရိက္ခာထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာ ကိုယ်စားလှယ်များအား Covid-19 အသိပညာပေး လက်ကမ်းစာစောင်များ၊ သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Facility quarantine ထားရှိသည့်နေရာသို့ တာဝန်ရှိသူများနှင့်အတူကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သံကြိုးကျေးရွာအုပ်စု၊ ရေပြင်းချောင်းကျေးရွာသို့ ရောဂါဖြစ်ပွားလျက်ရှိပြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိ လာသည့် ပြည်သူများအား facility quarantine ထားရှိသည့် ရေပြင်းချောင်းကျေးရွာအထက်တန်းကျောင်းခွဲသို့ ကျေးရွာအုပ်ချုပ် ရေးမှူး၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2020









