
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့်အတူ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မဇ္ဇျိမလူမှုကူညီရေးအသင်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ မီးပွိုင့်များနှင့် အနီးပတ်ဝန်းကျင်တွင် (COVID-19) ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့် ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker ဖြင့်အသိပညာပေးဆော်သြခြင်း၊ hand gel များဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင် သွားကြရန်အသိပေးပြောကြားပြီး mask များဖြန့်ဝေခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်း/ ပိုစတာများ ကပ်ခြင်းတို့ကို ဆောက်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020