
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်း COVID-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၀-၉-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ် (၁) ခုအား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက်များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှတစ်ခု ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန် ကူညီရာရောက်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် အဘက်ဘက်သောကဏ္ဍများ၌ ဖွံ့ဖြိုးမှုအရှိန်ကို ပြန်လည်ရရှိစေနိုင်ရန်အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_sep2020