Latest News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာ ကော်မတီ အဖွဲ့ဝင်လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် COVID 19 ဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေး
~~~~~~~~~ Source: MOSWRR ~~~~~~~~~ စက်တင်ဘာလ ၂၁ ရက် ~~~~~~~~~ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာကော်မတီ အဖွဲ့ဝင်လူငယ်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဖြည့်ဆည်း ပေးရန်လိုအပ်ချက်များကို Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးခြင်းကို (၂၁-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 … Read more
-
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ဝန်ထမ်းသားသမီးများနှင့် လူငယ်သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်မှုသတင်း
စက်တင်ဘာလ ၂၁ ၊ နေပြည်တော် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများနှင့် လူငယ်သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်အခမ်းအနားကို Video Conferencing ဖြင့်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဦးစီးမှူးများနှင့် ဆုရ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုနှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား/သူများအတွက် ဂုဏ်ပြုခြင်းအခမ်းအနားကို COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ်သဖြင့် … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈/၁၉/၂၀-၉-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် ဖြစ်ပွားခဲ့သောရေဘေးမှ ရေဘေးသင့်အိမ်ထောင်စု (၁၅၆၉)စုအတွက် ဆပ်ပြာ(၁၅၆၉)တောင့်၊ လူဦးရေ (၇၁၉၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၀၇၄၀ဝ/-)ကျပ်၊ Mask (၁၄၃၈၈)ခုတို့အား (၂၁-၉-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကဝမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ ဆီဆုံကုန်း ကျေးရွာအုပ်စု၊ ဘဲခြံကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၆၈၀၀/-) ကျပ်၊စုစုပေါင်း ထောက်ပံ့ငွေ (၆၆၈၀၀/-) ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့၊ (၁၄:၁၅) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပုလော မြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီး နစ်မြုပ်ခဲ့သော ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှ တောင်ဝိုင်းဘုန်းကြီးကျောင်းသို့ယာယီ ပြောင်းရွှေ့ထားသော ရေဘေးသင့် လူဦးရေ (၁၇)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံငေွ (၃၅၇၀၀)ကျပ်အား (၂၁.၉.၂၀၂၀)ရက်နေ့(၁၂:၃၀)အချိန်တွင် ထောက်ပံ့ ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_sep2020 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လဝကဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်ဝင်းစန္ဒာကြည်၊ မြိတ်ခရိုင်ဦးစီးမှူး၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၉-၉-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပုလော မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် သမုတ်တောင်ကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်းသို့ ယာယီ ပြောင်းရွှေ့ ထားသော ရေဘေးသင့်လူဦးရေ (၆၀၅) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁,၂၇၀,၅၀ဝ/-) ကျပ်အား (၂၀-၉- ၂၀၂၀)ရက်နေ့ (၁၀:၃၀)ချိန်တွင်လည်းကောင်း ပုလောကုန်းကျေးရွာမှ ပုလောကုန်းဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ထား သော ရေဘေးသင့်လူဦးရေ … Read more









