ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊  ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈/၁၉/၂၀-၉-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် ဖြစ်ပွားခဲ့သော‌ရေဘေးမှ‌‌ ရေဘေးသင့်အိမ်ထောင်စု (၁၅၆၉)စုအတွက် ဆပ်ပြာ(၁‌၅၆၉)တောင့်၊ လူဦးရေ (၇၁၉၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၁၀၇၄၀ဝ/-)ကျပ်၊ Mask (၁၄၃၈၈)ခုတို့အား (၂၁-၉-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကဝမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ ဆက်ဆံ‌‌ရေးဦးစီးဌာနနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#bgo_sep2020

Source:  ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events