Latest News
-
ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ အ.ထ.က(၁) သင်တန်းခန်းမ၌ သဘာဝဘေးအသိပညာပေး ဆွေးနွေးပို့ချမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃.၂.၂၀၂၅)ရက်နေ့တွင်လပွတ္တာမြို့နယ်၊ အ.ထ.က(၁)၊ သင်တန်းခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် စဥ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်(၂၆)မြို့နယ်၊မြို့နယ်အဆင့်ဆင့်ပွားသင်တန်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် သောအကြောင်းအရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသိပညာပေးဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Feb_2025 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး
-
အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၁-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစု နေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံ ပြင်ဆင် ခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး နေအိမ်အားမွမ်းမံ ပြင်ဆင်ပေးမှုနှင့်စပ်လျဉ်း၍ … Read more
-
အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင် ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတ အဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_Dec_2025 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး
-
အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ် ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူ လူထုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan_2025 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မင်းဘူး(စကု)မြို့နယ်၊ ထုံးမကြီးကျေးရွာနှင့် ပေါက်လေးပင်ကျေးရွာတို့၌ လေပြင်းဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၂၀-၁-၂၀၂၅) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ထုံးမကြီး ကျေးရွာနှင့် ပေါက်လေးပင်ကျေးရွာတို့ရှိ လူနေအိမ် (၁၀၀)လုံးအား အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဌနှင့် ခရိုင်/မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan_2025 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ တကောကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၂၅)ရက်နေ့တွင် အိမ်မဲ မြို့နယ်၊ တကောကျေးရွာအုပ်စု၊ တကောကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးများ ဦးဆောင်သည့် အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ များ၊သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #prep_sgw #ayy_jan_2025 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)









