လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၆) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ဘားအံမြို့၊ အထက(ခွဲ) (၂)ကျောင်းတွင် ဌာနဆိုင်ရာကျား(၃)ဦး၊ မ(၁၃)ဦး၊ ကျောင်းသား(၁၃၄)ဦး၊ ကျောင်းသူ (၁၃၆)ဦး၊ စုစုပေါင်း (၂၈၆) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးခြင်း၊ ဘေး(၉)မျိုးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် လေပြင်းဘေးအသိပညာပေး (၄×၅) ပေဗီနိုင်းပိုစတာ (၁) ချပ်ပေးအပ်ခြင်းတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kyn_sep_2026
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး