လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၂၀-၁-၂၀၂၅) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ထုံးမကြီး ကျေးရွာနှင့် ပေါက်လေးပင်ကျေးရွာတို့ရှိ လူနေအိမ် (၁၀၀)လုံးအား အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဌနှင့် ခရိုင်/မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jan_2025
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)