လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်မှ (၁၀:၃၀)အချိန်ထိ ကော့ကရိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဦးဆောင် ပြုလုပ်သည့် “ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း (၃/၂၀၂၆)” သင်တန်း၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သင်တန်းသား (၃၅)ဦး ၊ သင်တန်းသူ (၅)ဦး၊ စုစုပေါင်း (၄၀)ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၉)မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_sep_2026

Source:   ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events