ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း - ကံ့ကော်မြိုင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ဘုရားချောင်းကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အ.ထ.က (၂) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အ.ထ.က (၁) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ၊ ပါရမီဒေါင့်ကျေးရွာအုပ်စု ၊ တရုတ်ပိုင်းကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၅)ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာအုပ်စု၊ တရုတ်ပိုင်းကျေးရွာရှိ  သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်း ဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းနှင့် အသိပညာပေးဟောပြော ခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ် တပ်ဖွဲ့များ ၊ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍  အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #prep_sgw #‌ayy_Feb_2025 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

  • ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကျေးရွာအုပ်စု(၅)အုပ်စု၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးအတွက် ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ လေးမျက်နှာမြို့နယ်၊ ကျေးရွာအုပ်စု (၅)အုပ်စု၌ ( ၄–၂-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် (၁၉၀၀၀၀၀ိ/-)၊ စုစုပေါင်းလူဦးရေ (၇၃)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၅၃၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေကျပ်  (၂၀၅၃၃၀၀ိ/-)တို့အား (၆- ၂ -၂၀၂၅) ရက်နေ့  ( ၁၃:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း … Read more

  • မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီး ကျေးရွာနှင့် ပေါက်ငူကျေးရွာအုပ်စုများတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြီးသတ် ဆောင်ရွက်ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဥ် ဖြစ်ပွားလျက်ရှိသည့် လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ လေပြင်းဒဏ်ခံ နိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်နှင့်  လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်း ပြင်ဆင်ခြင်းလုပ်ငန်းများကို မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီး ကျေးရွာနှင့် ပေါက်ငူကျေးရွာအုပ်စု၊ ပေါက်လေးပင်ကျေးရွာတို့တွင် (၂၈-၁-၂၀၂၅)ရက်နေ့မှ (၃၁-၁-၂၀၂၅)ရက်နေ့အထိ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများနှင့်အတူ ပူးပေါင်း၍ အပြီးသတ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #‌mgy_Feb_2025 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ လေးပင်စုကျေးရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ လေးပင်စုကျေးရွာ၌ (၄-၂-၂၀၂၅)ရက်နေ့ (၂၂:၄၅) အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝပျက်စီးခဲ့သော လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)၊ ဘေးသင့်လူဦး​ရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ (၂၉၄၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၉၄၀ဝိ/-)နှင့်​ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁၀၇၆၇၈/-)၊ (၃) အိမ်ထောင်စုစာတို့အား နွယ်ရစ်ကျေးရွာအုပ်ချုပ်​ရေးမှူး၊ တပ်ကုန်းမြို့နယ်ထွေအုပ်မှ ရပ်ကျေးတာဝန်ခံတို့နှင့်အတူ (၅-၂-၂၀၂၅) ရက်နေ့၊ (၁၂း၄၅) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်၊ မင်းစမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာ (၇)လမ်း၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၈-၁-၂၀၂၅)ရက်နေ့ (၂၀:၄၅)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ မင်းစမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာ (၇)လမ်းတွင် မီးလောင်မှု‌ကြောင့် နေအိမ် (၁)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့‌ငွေကျပ် (၆၂၆၀ဝိ/-) အားလည်းကောင်း၊ (၂၁-၁-၂၀၂၅)ရက်နေ့၊ (၀၂:၃၂) နာရီအချိန်၌ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဇာတိမာန်လမ်းတွင် မီးလောင် မှုကြောင့် နေအိမ် (၁)လုံး … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၂.၂၀၂၅) ရက်နေ့တွင် မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ စဥ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်(၂၆) မြို့နယ်၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း၌ ဆရာ၊ ဆရာမ(၁၂၀)ဦးအား  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအားဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb_2025 Source:   မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)