ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၂.၂၀၂၅) ရက်နေ့တွင် မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ စဥ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်(၂၆) မြို့နယ်၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း၌ ဆရာ၊ ဆရာမ(၁၂၀)ဦးအား  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအားဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_feb_2025

Source:   မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events