Latest News
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ် ၊ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သည့် မြတ်ပန်းဝတ်မှုံနှင့် အေးလင်းမြတ်ရှင် စခန်းများရှိ အိမ်ထောင်စု(၇၂၄)၊ လူဦးရေ(၄၅၇၄)ဦးတို့အတွက် ဆပ်ပြာ(၄၅၇၄)ခဲ၊ ထုံးအိတ်(၂၀)အိတ်၊ ရေချိုးခွက်(၈၇၁)ခွက်နှင့် CERPစီမံချက်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု (၁)စုလျှင်(၄၀၀၀၀/-)နှုန်းဖြင့် အိမ်ထောင်စု(၇၂၄)စုအတွက် ထောက်ပံငွေ(၂၈၉၆၀၀၀၀/-)ကျပ်အား (၂၂-၉-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #krn_sep2020
-
COVID-19ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၌ သရက်မြို့နယ်၊ အနောက်ရပ် တောင်ပိုင်း/မြောက်ပိုင်းရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ သရက်တောရပ်ကွက်နှင့် ရွာတန်းရှည်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးနိူးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ #ar #mgy_sep2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညှင်းခရိုင်အတွင်းရှိ IDPs စခန်းများရှိ အိမ်ထောင်စုများအတွက် ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မိုးညှင်းခရိုင်အတွင်းရှိ IDPs စခန်း(၂၁)ခုမှ စုစုပေါင်းအိမ်ထောင်စု(၇၁၉)စု၊ လူဦးရေ(၃၆၆၉)ဦးတို့အတွက် ဆပ်ပြာ(၃၆၆၉)ခဲနှင့် ထုံး(၂၁၀)အိတ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_sep2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ (၂၂-၉-၂၀၂၀) ရက်နေ့၊ (၀၉း၃၀)နာရီမှ(၁၃း၀၀) နာရီအထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းခယ်မကျေးရွာအုပ်စုအတွင်းရှိ ဝီထုံးကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ ကျွန်းခယ်မကျေးရွာ၊ ကျုံလတာကျေးရွာ၊ သောင်တန်းကျေးရွာနှင့် ကဿပေါင်းကျေးရွာတို့အတွင်း Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများ သိရှိလိုက်နာရန် အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရွာသီတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများကို အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် ကွင်းဆင်းလှည့်လှည်၍ Hand Speaker၊ Loud Speaker … Read more
-
COVID-19ကူးစက်ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အောက်ကျင်းရပ်ကွက်နှင့် ကျိုက်ဖနဲရပ်ကွက်များသို့ COVID-19 ကူးစက်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့ကို လိုက်လံအသိပေးကြေညာခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #mon_sep2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ (၂၂-၉-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှစတင်၍ လပွတ္တာမြို့နယ်၊ ဘာသာကုန်းကျေးရွာအုပ်စု၊ ဘာသာကုန်းကျေးရွာ၊ အနန်းကုန်းကျေးရွာနှင့် ဘိုကုန်း ကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှထုတ်ပြန်ထားသည့် အသိပညာပေးနှိုးဆော်ချက်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးချက်များကို ပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ Loud Speaker ဖြင့်အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)









