စက်တင်ဘာလ ၊ ၂၉ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ကလေးပြုစုရေး ဌာနများနှင့် ဝန်ကြီးဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာ များတွင် အသုံးပြုရန် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများကို ဗိုလ်ချုပ်မောင်မောင်ဆွေ (ငြိမ်း) နှင့် ဇနီး ဗိုလ်ကြီးဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လက်ခံခဲ့ပါသည်။
အလှူရှင် ဗိုလ်ချုပ် မောင်မောင်ဆွေ(ငြိမ်း)က ကိုယ်ခံအား နည်းပါးကြသည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ပြုစုစောင့်ရှောက် နေကြသူများအတွက် COVID – 19 ကာလအတွင်း အရည်အသွေးပြည့်ဝသော ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ အလုံအလောက် ရရှိရန် ရည်ရွယ် လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ COVID – 19 ပျံ့ပျံ့နှံ့နှံ့ ဖြစ်ပွားနေချိန်၌ ဤဌာနများတွင် ပြုစုစောင့်ရှောက်ခံ ရသူများနှင့် ပြုစုစောင့်ရှောက်သူများအားလုံး တစ်ဦးချင်းအတွက် လုံခြုံစိတ်ချရရေးသည်အရေးကြီးပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် တစ်နိုင်ငံ လုံးအတိုင်း အတာအတွက် အသိ၊ သတိဖြင့် တာဝန်ယူဆောင်ရွက်နေကြရာ လိုအပ်ချက်များစွာရှိပါ ကြောင်း၊ ယခုကဲ့သို့ လိုအပ်မှုများပြားချိန်တွင် ပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ခြင်းကို တာဝန်ရှိ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျေးဇူးတင် ရှိပါကြောင်း ပြန်လည်ပြောကြားပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_sep2020
Source: MOSWRR