လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၉.၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီမှ စတင်၍ (၁၂:၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအုပ်စု၊ ပခန်းကြီးကျေးရွာ၊ မြောက်ပြင်ကျေးရွာ၊ ရွာသာကျေးရွာနှင့် သက်ရွာကျေးရွာတို့တွင် COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)