COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့ ညနေပိုင်း တွင် လူမှုဝန်ထမ်းဦးစီးဌာန၊​ ပြန်လည်ထူ​ထောင်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ်ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ နမ့်ဖက်အွမ်ကျေးရွာ၌ COVID-19 ကူးစက်မှုမဖြစ်ပွား စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့်လှည့်လည်​ဟောပြောခဲ့ပြီး COVID-19 ကာကွယ်နိုင်ရန် Mask နှာခေါင်းစည်းအသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်းစည်းကို အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေးစနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ပေးဝေခြင်းနှင့် အပူချိန်တိုင်း​ကိရိယာ​ဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2020

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events