ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊  ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာနှင့် ကုလားကျွန်းကျေးရွာတို့တွင် (၂၆-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု(၁၀)စုမှ လူဦးရေ(၄၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၈၈၂၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ(၁၀၈၈၂၀ဝိ/-)အား (၈-၁၀-၂၀၂၀)ရက်နေ့၊  (၁၃:၀၀)နာရီအချိန် ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#ayy_oct2020

Source:             ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events