မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပသည့် (၇၁) ကြိမ်မြောက်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

    အောက်တိုဘာလ (၅) ၊ နေပြည်တော် ကမ္ဘာတစ်ဝှန်းရှိနေရပ်စွန့်ခွာမှုများ၊ ရွှေ့ပြောင်းသွားလာမှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာ မင်းကြီးရုံး၏ (၇၁) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ UNHCR အမှုဆောင်ကော်မတီ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင် လေ့လာသူနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံများ၊ လေ့လာသူအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ … Read more

  • ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ပိန္နဲကုန်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ဇေယျာချောင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ မိဿလင်းအုပ်စု၊ ကျောက်ထုံးကြီးအုပ်စု၊ ဝေဆွယ်ကျေးရွာတို့တွင် (၃၀.၉.၂၀၂၀)နှင့် (၁.၁၀.၂၀၂၀) ရက်နေ့တို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှူကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၇၄)စုမှ လူဦးရေ(၄၀၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၅၆၈၀၀ိ/)၊ အဝတ်Mask(၁၀၆)ခုနှင့် ဆပ်ပြာ(၁၂)တောင့်တို့အား (၂.၁၀.၂၀၂၀) ရက်နေ့(၁၆း၅၀) နာရီချိန်တွင်လည်းကောင်း၊ (၃.၁၀.၂၀၂၀) ရက်နေ့ (၁၂း၁၅) နှင့်(၁၄း၀၀)နာရီချိန်တို့တွင်လည်းကောင်း၊ (၄.၁၀.၂၀၂၀) ရက်နေ့(၁၄း၀၀)နာရီချိန်တွင်လည်းကောင်း၊ (၅.၁၀.၂၀၂၀)ရက်နေ့ (၁၁း၃၀)နှင့် (၁၅း၀၀)နာရီတို့တွင်လည်းကောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fld #sgg_oct2020 … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅.၁၀.၂၀၂၀)ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_oct2020 Source:             ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Cyclone Shelter တည်ဆောက်မည့်အခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ (၆.၁၀.၂၀၂၀) ရက်နေ့တွင် တင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် Cyclone Shelter တည်ဆောက်မည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source:             မြိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာတွင် (၂၈.၉.၂၀၂၀)ရက်​​နေ့ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၄၀၀,၀၀၀) ၊ လူဦးရေ(၆၇)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၁၄၀,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၅၄၀,၇၀၀) ​နှင့် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်းကျေးရွာ၊ ရုံးဆိပ်ကျွန်းကျေးရွာတွင်(၂၈.၉.၂၀၂၀)ရက်​နေ့နှင့် (၃၀.၉.၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀,၀၀၀)၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၅၄,၆၀၀)၊ စုစုပေါင်းထောက်ပံငွေ(၇၅၄,၆၀၀) အား ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၆.၁၀.၂၀၂၀)ရက်နေ့ (၁၃:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ရွှေကူမြို့၊ နှစ်ခြင်း IDPsစခန်းရှိ အိမ်‌ထောင်စု(၈၄)စု၊ လူဦးရေ(၃၀၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၃၀၆)ခဲနှင့် ကက်သလစ် IDPsစခန်းရှိ အိမ်‌ထောင်စု(၄၂)စု၊ လူဦးရေ(၁၇၆)ဦးတို့အတွက် ထုံး(၁၀)အိတ်၊ ဆပ်ပြာ(၁၇၆)ခဲ စုစုပေါင်း ထုံး(၂၀)အိတ်၊ ဆပ်ပြာ(၄၈၂)ခဲစသည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #kcn_oct2020 Source:             ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)