အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၀၉:၀၀)နာရီအချိန်ထိ သထုံခရိုင် သထုံမြို့ ခရိုင်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့် သထုံမြို့၊ သုဝဏ္ဏစျေးရှေ့၌ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန Logo ပါ Mask များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_oct2020

Source:   သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events