လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)မှ(၀၉:၀၀)နာရီအချိန်ထိ မော်လမြိုင်မြို့၊ ဈေးကြိုဈေး၊ အမှတ်(၂)ဈေးနှင့် လမုတန်းဈေးတို့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အကြိုလူထုလှုပ်ရှားမှုအနေဖြင့် Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ဌာန Logo ပါMask များ၊ အဖွဲ့အစည်းများမှ လှူဒါန်းသော လက်ဆေးဆပ်ပြာများ၊ Surgical Mask များနှင့် လက်ကမ်းစာစောင်များအား ပြည်သူလူထုထံသို့ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_oct2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)