ကမ်းပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးထာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတို့၌ (၉-၁၀-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၁) ဦးမ (၂) ဦး၊ စုစုပေါင်း (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆,၃၀၀) ကျပ်နှင့် ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းတန်းဖိုးငွေ (၁၀၆,၃၀၀) ကျပ်၊ ဓာတ်ဆားထုပ် (၁၀) ထုပ်အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#mgy_oct2020

Sign Up

Upcoming Events