
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စု၊ မက်မွန်လောင်းကျေးရွာ၊ လုလုဘုန်းကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘာသာရေးအဆောက်အဦ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ သံဃာ (၁၁) ပါးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ(၂၃၁၀၀)ကျပ်၊ သံဃာများအတွက် သင်္ကန်း(၁၁)စုံ၊ ပစ္စည်းတန်ဖိုးငွေ (၁၁၆,၀၀၀) ကျပ်နှင့် ထောက်ပံ့ငွေသားစုစုပေါင်း (၃၂၃,၁၀၀) ကျပ်အား (၁၅-၁၀-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လုလုံဘုန်းကြီးကျောင်းရှိ ဂေါပကအဖွဲ့ထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#shn_oct2020