ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း - ကံ့ကော်မြိုင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ဘုရားချောင်းကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အ.ထ.က (၂) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အ.ထ.က (၁) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါချောင်းရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • ဘင်္ဂလားပင်လယ်အော်အခြေအနေ

    ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ဘင်္ဂလားပင်လယ်အော်အခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- “ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တို့၌ ၂၇-၅-၂၀၂၅ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ် နိုင်သည်ဟု ခန့်မှန်းရပါသည်။” Source: DMH

  • အထူးမိုးလေဝသသတင်း

    ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။      ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအား ကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ ၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ … Read more

  • အထူးမိုးလေဝသသတင်း

    ၂၀၂၅ ခုနှစ်၊ မေလ (၂၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်- ၁။      ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်း ကောင်း၊ မုတ်သုံလေ အားကောင်းနေခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ ၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ … Read more

  • အထူးမိုးလေဝသသတင်း

    ၂၀၂၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ၂၄-၅-၂ဝ၂၅ ရက်နေ့မှ ၃၁-၅-၂ဝ၂၅ ရက်နေ့အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ … Read more

  • ပျဉ်းမနားမြို့နယ်‌၊ ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၁၀) ခုတွင် ငလျင်ဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သောငလျင်ဘေးကြောင့် ပျဉ်းမနားမြို့နယ်‌၊ ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၁၀) ခုအတွင်း ပြိုကျပျက်စီးနေအိမ် (၂၃၈) အိမ်‌ထောင်စုအတွက် (၁) အိမ်‌‌ထောင်စုလျှင် ထောက်ပံ့ငွေ (၁ဝဝ,ဝဝဝိ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၃,၈၀၀,၀၀ဝိ/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂၃၇) ပုံးတို့ အား ပျဉ်းမနားမြို့နယ်အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၌ နေပြည်တော်ကောင်စီဝင်၊ ဗိုလ်မှူးကြီး ရဲမှူးနှင့်အတူ (၂၁-၅-၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_eq #npw_may_2025 Source: … Read more