ပျဉ်းမနားမြို့နယ်‌၊ ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၁၀) ခုတွင် ငလျင်ဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သောငလျင်ဘေးကြောင့် ပျဉ်းမနားမြို့နယ်‌၊ ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု (၁၀) ခုအတွင်း ပြိုကျပျက်စီးနေအိမ် (၂၃၈) အိမ်‌ထောင်စုအတွက် (၁) အိမ်‌‌ထောင်စုလျှင် ထောက်ပံ့ငွေ (၁ဝဝ,ဝဝဝိ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၃,၈၀၀,၀၀ဝိ/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂၃၇) ပုံးတို့ အား ပျဉ်းမနားမြို့နယ်အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၌ နေပြည်တော်ကောင်စီဝင်၊ ဗိုလ်မှူးကြီး ရဲမှူးနှင့်အတူ (၂၁-၅-၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

#ha_eq

#npw_may_2025

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး

Sign Up

Upcoming Events