၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ဘင်္ဂလားပင်လယ်အော်အခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
“ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တို့၌ ၂၇-၅-၂၀၂၅ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ် နိုင်သည်ဟု ခန့်မှန်းရပါသည်။”
Source: DMH