Latest News
-
ပြောင်းရွှေအိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၁၁-၂၀၂၀)ရက်နေ့ နံနက်(၀၉:၁၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်၊မူရင်း IDPs စခန်းမှ ဗန်းမော်မြို့နယ်၊ (၂)မိုင်အောင်သာ၊(၃)မိုင်ရွှေပြည်သာရပ်ကွက်နှင့် မံစီမြို့နယ်၊ ကောင်လွင်ကျေးရွာ၊ကုန်းတိန်ကျေးရွာနှင့်ရီခူးမံခံကျေးရွာများသို့ ပြောင်းရွှေ့အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၀)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် (၃၂)မျိုးပါ Relief Kitဖာ(၁)ဖာ၊ ပြောင်းရွှေ့စရိတ်(၁၀၀၀၀ဝိ/-)၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာနှုန်းတို့ဖြင့် စုစုပေါင်း Relief Kitဖာ(၁၁)ဖာ၊ ပြောင်းရွှေ့စရိတ်(၁,၁၀၀,၀၀ဝိ/-)၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာတန်ဖိုးငွေ(၆၁၇၈၀ဝိ/-)တို့အား ပြောင်းရွှေ့ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် mask များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၁၁-၂၀၂၀)ရက်နေ့ ညနေ(၁၅း၃၀)နာရီအချိန်တွင် ဗန်းမော်မြို့ နယ်ရှိ နန့်လှိုင်ကျေးရွာ၊ ခူးလီကျေးရွာနှင့် မအူပင်ကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၁၁-၂၀၂၀)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီအချိန်တွင် မိုးမောက်မြို့နယ်ရှိ မက်ခွယ်ကျေးရွာနှင့် နောင်ကွမ်းကျေးရွာများအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၁၁-၂၀၂၀)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် မိုးမောက်မြို့နယ်၊ မံပုံ IDPs စခန်းမှ မိုးမောက်မြို့နယ်၊ ဝဝမ်ကျေးရွာသို့ ပြောင်းရွှေ့အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၈)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိူးပါ(၁)ပုံး၊ ပြောင်းရွှေ့စရိတ်(၁၀၀၀၀ဝိ/-)၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာနှုန်းတို့ဖြင့် စုစုပေါင်း ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိူးပါ(၅)ပုံး၊ ပြောင်းရွှေ့စရိတ်(၅၀၀၀၀ဝိ/-)၊ (ဆန်၊ဆီ၊ဆား၊ပဲ)(၁)လစာတန်ဖိုးေငွ(၃၃၀၂၅၀ိ/-)တို့အား ပြောင်းရွှေပြည်သူထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်
(၂၇-၁၁-၂၀၂၀)ရက်နေ့၊ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ရွှေ မြို့နယ်၊ မိုင်သောက်ကျေးရွာနှင့် နမ့်ပန်တက်ကျေးရွာတို့၌ (COVID-19) ကာလအတွင်း ပြည်သူများ လိုက်နာ ရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၂၀) ရက်နေ့တွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးခရိုင်အဆင့်ကော်မတီနှင့်ပူးပေါင်း၍ လားရှိုးမြို့ ၊ ရပ်ကွက်(၁၂)၊ မီးပွိုင့်လမ်းဆုံတွင် COVID-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့်ဟောပြောခဲ့ပြီး၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gelများဖြင့် လက်သန့်စင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)









