Latest News
-
ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာတွင် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်စု၊ ကျည်တောင်ကျေးရွာ၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၂၄-၆-၂၀၂၅) ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်မှ (၉:၃၀) နာရီအချိန်ထိ ပြုလုပ်ခဲ့ရာ နေပြည်တော် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် အဖွဲ့၀င်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာသူ/သားများ၊ စုစုပေါင်းလူဦးရေ (၄၀၀) ဦးခန့်ဖြင့် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို … Read more
-
မြောင်းမြမြို့၊ ပညာရေးဒီဂရီကောလိပ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၅ )ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြမြို့၊ ပညာရေးဒီဂရီကောလိပ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၅၀၀)ဦးအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင် ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း၊ သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များ ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
အထူးမိုးလေဝသသတင်း
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ 30-၆-၂၀၂၅ ရက်နေ့အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်းနှင့် … Read more
-
ဘားအံမြို့၊ အ.လ.က(ခွဲ)(လှာကမြင်) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ဘားအံမြို့၊ အ.လ.က(ခွဲ)(လှာကမြင်) စာသင်ကျောင်းတွင် ကျောင်း သား /သူ (၂၅၀) ဦးအား ဟောပြောဆွေးနွေးခြင်း၊ ဘေး(၉)မျိုးဆိုင်ရာ လက်ကမ်းစာစောင် (၁၅၀) စောင်အား ဝေငှပေးခြင်းနှင့် မုန်တိုင်းဘေး အသိပညာပေး (၄x၅) ပေရှိ ဗီနိုင်း ပိုစတာ(၁) ချပ် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kayin_June_2025 Source: … Read more
-
ဘားအံမြို့၊ အ.ထ.က(၂)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၅ )ရက်နေ့၊ မွန်းလွဲ(၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ ဘားအံမြို့၊ အ.ထ.က(၂) စာ သင်ကျောင်းတွင် ကျောင်းသား/သူ (၁၄၅) ဦးအား ဟောပြောဆွေးနွေးခြင်း၊ ဘေး(၉)မျိုးဆိုင်ရာ လက်ကမ်းစာစောင် (၁၅၀) စောင်အား ဝေငှပေးခြင်းနှင့် မုန်တိုင်းဘေးအသိပညာပေး (၄x၅) ပေရှိ ဗီနိုင်းပိုစတာ(၁) ချပ် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kayin_June_2025 Source: ဘားအံခရိုင်ဦးစီးမှူးရုံး
-
လှိုင်းဘွဲ့မြို့နယ်၊ အ.ထ.က(ခွဲ)(ကမော့ကချူး)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ လှိုင်းဘွဲ့မြို့နယ်၊ အ.ထ.က(ခွဲ)(ကမော့ကချူး) စာ သင်ကျောင်းတွင် ဆရာ၊ ဆရာမ (၁၀) ဦး၊ကျောင်းသား/သူ (၁၅၀)၊ စုစုပေါင်း (၁၆၀) ဦးအား ဟော ပြောဆွေးနွေးခြင်း၊ ဘေး(၉)မျိုးဆိုင်ရာ လက်ကမ်းစာစောင် (၁၅၀) စောင်အား ဝေငှပေးခြင်း၊ မုန်တိုင်းဘေး အသိပညာပေး (၄x၅) ပေရှိ ဗီနိုင်း ပိုစတာ(၁) ချပ် ပေးအပ်ခြင်းများ … Read more









