မြောင်းမြမြို့၊ ပညာရေးဒီဂရီကောလိပ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၅ )ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြမြို့၊ ပညာရေးဒီဂရီကောလိပ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၅၀၀)ဦးအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊  သဘာဝဘေးနှင့်ပတ်သက်သည့်  ဆောင် ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း၊ သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များ ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#‌Ayeyar_June_2025

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events