ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်‌တောင်ကျေးရွာတွင် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်စု၊ ကျည်‌တောင်ကျေးရွာ၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၂၄-၆-၂၀၂၅) ရက်နေ့၊ နံနက် (၇:၃၀) နာရီအချိန်မှ (၉:၃၀) နာရီအချိန်ထိ ပြုလုပ်ခဲ့ရာ နေပြည်တော် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် အဖွဲ့၀င်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာသူ/သားများ၊ စုစုပေါင်းလူဦးရေ (၄၀၀) ဦးခန့်ဖြင့် ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။

#ar_simex

#npw_jun_2025

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး

Sign Up

Upcoming Events