Latest News
-
ငလျင်ဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့၌ ညောင်ဦးမြို့အတွင်းရှိ ပြည်သူအများ သဘာဝဘေး အသိပညာဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန် အချက်များကို သိရှိစေနိုင်ရန် ရည်ရွယ်၍ ညောင်ဦးမြို့၊ သံတဲအဝိုင်း လမ်းဆုံ၌ ငလျင်ဘေးအသိပညာပေးဗွီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2020
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့၌ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ် အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၉,၉၀၀/-)ကျပ်အား (၂၄-၁၂-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဝန်ကြီးဌာန၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးမှုသတင်း
ဒီဇင်ဘာ(၂၃)၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများ အလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ ပြည်သားများ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ သာတူညီမျှခံစားရရှိစေပြီး လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး ကို အကောင်အထည်ဖော်ရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက် နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျှက်ရှိသော လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာသို့ သောက်သုံးရေ ဂါလံ (၂၂၅၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_drg #kyh_dec2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ဖက်တန်း ရပ်ကွက်၊ အမှတ် (၁) စျေးမှ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ထောက်ပံ့ငွေ (၇၀၀၀၀၀၀/-) ကျပ်အား ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mon_dec2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၂.၂၀၂၀)ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ မြေဇွန်းကျေးရွာ၊ ဆုံတားကျေးရွာ၊ အိုးဘိုကျေးရွာ၊ ကျားတက်ကျေးရွာ၊ ကန်နီကျေးရွာ၊ ကံကြီးကျေးရွာ၊ စူဠာကျေးရွာ၊ ပန်းထူးကျေးရွာ ၊ နီပါးတန်း ကျေးရွာ၊ ပျော်ဘွယ်ကျေးရွာ၊ များတွင်COVID-19ရောဂါနှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ သဘာ၀ဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









