ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဝန်ကြီးဌာန၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးမှုသတင်း


ဒီဇင်ဘာ(၂၃)၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများ အလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ ပြည်သားများ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ သာတူညီမျှခံစားရရှိစေပြီး လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး ကို အကောင်အထည်ဖော်ရန် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထု၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပွင့်လင်းမြင်သာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များပြည့်မီစေရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အနေဖြင့် ထိုမူဝါဒအပေါ်အခြေခံ၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်း စီမံချက်များကို ကဏ္ဍအလိုက်ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူများ လက်တွေ့ ခံစားရရှိမှုအခြေအနေမှန်ကို သိရှိရန်ဆန်းစစ်မှုများပြုလုပ်ပြီး လိုအပ်ချက်များကို ပြုပြင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများအတွက် ပိုမိုထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေးတွင် ဘေးကင်း လုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသော ဘဝများကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးကိစ္စများဖြစ်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တာဝန်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် Myanmar Sustainable Development Plan (MSDP)နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ စိန်ခေါ်မှုအခက်အခဲများကိုဖော်ထုတ်ပြီး ရင်ဆိုင်ဖြေရှင်းရာတွင် ယခုကြုံတွေ့နေရသော Covid 19 ၏စိန်ခေါ်မှုများနှင့် နောက်ဆက်တွဲထိခိုက်မှုများကိုပါထည့်သွင်းစဉ်းစားဆောင်ရွက်ရမည် ဖြစ် သဖြင့် Covid 19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မိုင်းအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ ထိခိုက်လွယ်အုပ်စုများကိုကာကွယ်စောင့် ရှောက်ပံ့ပိုးကူညီခြင်းတို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်၍ မြေပြင်တွင် ထိရောက် အောင်မြင်မှုရှိအောင် ဦးစီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းသည် လူကုန်ကူးခံရသူများ ထပ်မံလူကုန်ကူးမခံရအောင်၊ မူးယစ်ဆေးစွဲသူများ မူးယစ်ဆေးထပ်မံ မသုံးစွဲအောင်၊ ပြန်လည်နေရာချထားခံရပြီးသူများထပ်မံ၍ နေရပ်စွန့်ခွာခြင်းမပြုရအောင်နှင့် ထိခိုက်လွယ်အုပ်စုများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့မှုခံစားရရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်အောင်မြင်မှုများ၊ စိန်ခေါ်မှုအခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းအကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ ပြည်သူများရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများကို သာတူညီမျှခံစား ရရှိနိုင်ရေး ချမှတ်ထားသော မူဝါဒ၊ ဥပဒေ မဟာဗျူဟာများနှင့်အညီ ဆောင်ရွက်ရာတွင် လိုအပ်သော သတ်မှတ်ဘဏ္ဍာရန်ပုံငွေရရှိရေးနှင့် အလေအလွင့်မရှိ စနစ်တကျသုံးစွဲရေး၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိရောက်သော ကူညီထောက်ပံ့မှု များရရှိရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ (၂၀၀၅)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈)တို့ကို ပြန်လည် သုံးသပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_dec2020
Source: MSWRR

Sign Up

Upcoming Events