Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၁၈. ၁၂.၂၀)နေ့ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့မဈေး၊ ရွှေတည်ဈေးသစ်နှင့် မြို့သစ်ဈေးတို့တွင် covid19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လော်စပီကာဖြင့်ဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေးခြင်းတို့အား ဈေးစည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လက်သန့်ဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာခရိုင်နှင့် မိတ္ထီလာမြို့နယ် Covid19ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးတွင်အသုံးပြုနိုင်ရန်အတွက် Sanitizer 500 ml လက်သန့်ဆေးရည် (၆၅)ဘူးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_dec2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် မီးဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ၁၈-၁၂-၂၀၂၀ ရက်နေ့(၁၅:၀၀)နာရီမှစ၍ ခန္တီးမြို့နယ်၊ ပါမိုင်းရပ်ကွက်နှင့် သာစည်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါအသိပညာပေးနှင့် မီးဘေးအသိပညာပေးခြင်းအား အသံချဲ့စက်ဖြင့်လှည့်လည်အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
(၁၈.၁၂.၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာအုပ်စု၊ မန်ကန်ကျေးရွာနှင့် ဟိုခြစ်ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ကသာခရိုင်၊ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စင့်ဟောက်ကျေးရွာ၊ လက်ပန်ကုန်း ကျေးရွာ၊ နန့်ခင့်ကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ ရွှေသီဘာကျေးရွာ၊ နားခါကျေးရွာ၊ နန်းကင် ကျေးရွာတို့တွင် (၁၀:၃၀)နာရီမှ (၁၂:၃၀)နာရီအချိန်အထိ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ၊ (COVID-19) နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းနှင့်ငလျင်ဘေးလက်ကမ်းစာစောင်၊ မီးဘေးလက်ကမ်းစာစောင်၊ လေပြင်းဘေးလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေး အသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ရေးမြို့နယ် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး ပြည်သူများအား သဘာဝဘေး အသိပညာဗဟုသုတများရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် အတွက် ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ တပ္ပလင်နှစ်ဆူလမ်းဆုံထောင့်တွင် စိုက်ထူထားသော အလျား (၉ )ပေ၊ အနံ (၆)ပေရှိ မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၁၈-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ပြောင်းလဲ တပ်ဆင်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_fir #mon_dec2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး … Read more









