ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူလဲလှယ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၂၀) ရက်နေ့ နေ့လယ်(၁၂:၄၅)အချိန်တွင် ကျောက်ဖြူမြို့၊ ရန်ကုန်- ကျောက်ဖြူကားလမ်းနှင့် ရုံးတက်လမ်းထောင့် အဝိုင်းလမ်းဆုံတွင် ဆူနာမီအသိပညာပေး မြေစိုက်ဆိုင်းဘုတ်အား စိုက်ထူခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံကြီးအနီး ခရစ်ယာဥ်ကျောင်းရှေ့လမ်းဆုံတွင် မီးဘေးအသိပညာပေးပိုစတာနှင့် ဦးဥတ္တမလမ်းနှင့် စျေးလမ်းဆုံတွင် မုန်းတိုင်းအသိပညာပေးပိုစတာများ လဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2020 Source:             ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သောက်သုံးရေဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း (တဲတိုက်)ရှိ အိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု(၁၁၃) စု၊ လူဦးရေ (၅၂၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၂၀- ၁၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_dec2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်သန့်ဆေးရည်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉- ၁၂-၂၀၂၀)ရက်နေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် မီးဘေးအသိပညာပေး ​ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း၊ Covid-19 အသိပညာပေး ပိုစတာများအား မြို့ပေါ်ရပ်ကွက်ရှိ လူအများမြင်တွေ့လွယ်သော နေရာများတွင် ချိတ်ဆွဲခြင်း၊ ရေသန့်ဆေးထုပ်( ၁ ဖာလျှင် ၂၄၀ ထုပ်ပါ) ၅- ဖာ အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ လက်သန့်ဆေးရည် (Hand Sanitizer) (၂၀၀)ဘူးအား မြို့နယ် COVID- 19 ကော်မတီသို့ လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 … Read more

  • မီးဘေးထောက်ပံ့ခြင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ကျိုက်လတ်မြို့နယ်၊​ ထိန်ကျွန်း​ကျေးရွာအုပ်စု၊ ထိန်ကျွန်း​ကျေးရွာတွင် (၁၈-၁၂-၂၀၂၀)ရက်နေ့(၀၃:၀၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ( ၄ )ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့​ငွေကျပ်( ၁၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်( ၈၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း( ၁၇) မျိုး အိမ်​ထောင်စု(၁)စုစာ စုစု​ပေါင်း​ထောက်ပံ့ငွေ(၁၀၈၄၀ဝိ/-)အား ကျိုက်လတ်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁၉-၁၂-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိနိ၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec2020 Source:             ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၁၂.၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာ (၃-က)ရပ်ကွက်တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၁)အိမ် ထောင်စာတန်ဖိုး (၂၄,၉၇၀ိ/-)၊ ပြိုကျပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၁၀)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံံ့ငွေ(၂၁,၀၀၀ိ/-), စုစု ပေါင်းထောက်ပံ့ငွေ (၁၂၁,၀၀၀ိ/-)တိတိအား (၁၉.၁၂.၂၀၂၀)ရက်နေ့ ၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2020 Source:             ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး … Read more

  • အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease Covid-19 ကာကွယ်၊ ​လျော့ပါးရေးအတွက် Maskများ ဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၀၉:၀၀)နာရီအချိန်ထိ  မင်းဘူးမြို့၊ မြို့မ​ဈေး၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease Covid-19 ကာကွယ်၊ လျော့ပါးရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Mask များအား ပြည်သူများသို့ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source:             မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)