မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်ရှိ ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၀)ကျင်းပမှုသတင်း

 ဒီဇင်ဘာ ၂၉၊ နေပြည်တော်

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀) ကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြား ရာတွင် COVID ကာလနှင့်ယှဉ်တွဲ၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ခေါ်ယူ ကျင်းပခြင်းဖြစ်ပကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြုစုစောင့်ရှောက်၍ အသက်မွေး ဝမ်းကြောင်းသင်တန်းများပေးကာ ပြန်လည်ထူထောင်ပေးမှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ချက်များကို မူးယစ်ဗဟိုအဖွဲ့သို့ (၃)လ(၁)ကြိမ် တင်ပြပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ လူငယ်များ ပြုစု ပျိုးထောင်ရေးစခန်းများကို ပြန်လည်ထူထောင်ရေးဦးစီးဌာနက လွှဲပြောင်းရယူပြီး စခန်းအခြေပြု၊ ရပ်ရွာအခြေပြု၊ စခန်းနှင့်ရပ်ရွာအခြေပြုသင်တန်းများဖွင့်လှစ်ပေးကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ်၏လမ်းညွှန်ချက်အရ သင်တန်း ကာလတိုးမြှင့်၍ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းကို ရက်ပေါင်း(၉၀)ကြာ ဖွင့်လှစ်ဆောင်ရွက်နေပါကြောင်း၊ ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ရေးသင်တန်းများကိုလည်း ရက်ပေါင်း (၄၀) ကြာ ဖွင့်လှစ်ဆောင်ရွက်နေပါကြောင်း၊ COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၌ လူ(၃၀)ဦးထက်မပိုစေဘဲ ပြန်လည်ထူထောင်ရေးသင်တန်းများ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန် (၁၇)ရပ်အပေါ် ဆန်းစစ်အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊  နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးစွဲသူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေခြင်း၊ လူမှုဘဝတွင် ပြန်လည်ဝင်ဆံ့စေရန် အစီအမံများ ရေးဆွဲဆောင်ရွက်စေခြင်းတို့ကို စီမံချက်ချမှတ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးအဖွဲ့တွင် ပါဝင်သောဦးစီးဌာန များအနေဖြင့် အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဆေးကုသဆဲမူးယစ်ဆေးစွဲသူများကိုလည်း မူးယစ်ဆေး ဖြတ်နိုင်အောင် စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်မှု သင်တန်းများပေးပါကြောင်း၊ မူးယစ်ပြန်လည်ထူထောင်ရေးသင်တန်းပေးရာတွင် မျိုးဆက်သစ် ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းများကိုလည်း ပြန်လည်ထူထောင်ရေးဦးစီးဌာန အနေဖြင့် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်မှုခံယူပြီးသူများနှင့် မိသားစုများအား ထောက်ပံ့ပေးခြင်း လုပ်ငန်းရပ်ကိုလည်း ဘတ်ဂျက်များတင်ပြတောင်းခံ၍  စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာသေးမီကချမှတ် ခဲ့သော လူငယ့်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း(၁၆) ရပ် တွင်ပါရှိသော လူငယ်နှင့် မူးယစ်ဆေးနှင့်အခြားသောဘေးဖြစ်စေတတ်သည့်အန္တရာယ်များ ကဏ္ဍ ဆိုင်ရာ လုပ်ငန်းရပ်များကိုလည်း ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များတွင် မြေနေရာရရှိမှုပေါ်မူတည်၍ ပြန်လည်ထူထောင်ရေးစခန်းများကို ဘတ်ဂျက်တင်ပြ တောင်းခံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများကိုလည်း သင်တန်းများဖွင့်လှစ် မွေးထုတ်ပေးလျက်ရှိပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြန်လည် ထူထောင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_dec2020

Source:  MOSWRR

Sign Up

Upcoming Events