Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ်၊ ရွှေတမာကျေးရွာ၊ ကုက္ကိုစု ကျေးရွာ၊ ကိုးရှင်းကျွန်းကျေးရွာ၊ ထန်းလေးပင်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ နဂါးတွင်း ကျေးရွာ၊ ပေါက်ပင်ကျေးရွာ၊ ထနောင်းတောတောင်ရွာ၊ထနောင်းတောမြောက်ရွာ၊ လင်းပိုး ကျေးရွာ၊ လင်းပင်ဝကျေးရွာများတွင် covid-19ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် များအား အသိပညာပေးခြင်း၊ Hand Sanitizer 500ml လက်သန့်ဆေးရည်နှင့် မီးဘေး၊ ငလျင်ဘေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စနစ်တကျလက်ဆေးနည်း နံရံကပ် ပိုစတာများကပ်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_dec2020

Sign Up

Upcoming Events