မီးဘေးသင့်ပြည်သူအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ လဲဘူးကျေးရွာတွင် (၂၉-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀,၅၀ဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀,၅၀ဝ) ကျပ်အား (၂၉-၁၂-၂၀၂၀) ရက်နေ့ (၁၆:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#mgy_dec2020

Sign Up

Upcoming Events