လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၂၀) ရက်နေ့တွင် တမူးမြို့ စန္ဒကူးရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွား ရပ်ကွက်၊ မြို့မ ရပ်ကွက်ရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက်သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#sgg_dec2020
Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)