လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ လွယ်အံ(တင်း)ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုဘုန်း တော်ကြီးကျောင်း၊ အ.မ.က (မန်ကောင်းမှု) နှင့် သန္တိသုခ (၈) ကွက်ဓမ္မာရုံသို့ တိမ်းရှောင် ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄၈) စု၊ လူဦးရေ (၆၀၅) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ တန်ဖိုးငွေ (၁,၂၇၀,၅၀ဝ/-) ကျပ်ရှိ ဆန် (၄၄) အိတ်၊ (၅) ပြည်၊ Mask ( ၅၀) ပါ (၂၄) ဘူးနှင့် Hand Sanitizer (၁၄၈) ဘူး တို့အား (၂၉-၁၂-၂၀၂၀) ရက်နေ့ (၁၅:၃ဝ) နာရီအချိန်တွင် ဝါဆိုဘုန်းတော်ကြီးကျောင်း၌ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_dec2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)