ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ချက်အစီရင်ခံစာ (မူကြမ်း) အပေါ်  ကော်မတီဝင်များ၏ ညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း

    ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နေပြည်တော်  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီ၏ပူးတွဲဥက္ကဌ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၃)နှစ်တာကာလအတွင်း ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ … Read more

  • ရေသန့်ဆေးရည်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ မြစ်ရေ၊ ချောင်းရေကို သောက်ရေ အဖြစ် အသုံးပြုရသော ကျေးရွာများအတွက် ရေသန့်ဆေး များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အသုံးပြုပုံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ #sgg_dec2020     Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ် (၄) ရပ်ကွက်၊ (၁၈) လမ်းထိပ်၌ မီးဘေး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအသိပညာများရရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ဆိုင်ရာ ပညာပေး (၉’x၆’) ဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #ayy_dec2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ် (၁၁) ခုတွင် ရောက်ရှိနေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၈၅၆) စု၊ လူဦးရေ (၃,၈၀၄) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုး ထောက်ပံ့ငွေ (၃၄,၂၃၆,၀၀ဝ/-) အား အမ်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၃၀-၁၂-၂၀၂၀) ရက် နေ့ (၁၅:၃၀) နာရီအချိန်တွင် လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_dec2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်သန့်ဆေးရည်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀) ရက်နေ့တွင် စလင်းမြို့ (မြင်တင်ရပ်ကွက်သံဃနာယကအဖွဲ့၊ စလင်းမြို့အဝင်စစ်ဆေးရေး ဂိတ်၊ အထက(၁) စာသင်ကျောင်းနှင့် မိုးလုံလေလုံ Q center ) များသို့ Hand Sanitizer (500 ml) ပါ ဘူးများအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _dec2020

  • လေပြင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့၊ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းဝင်းအပြင်ဘက်၌(၉ပေx၆ပေ)အရွယ်အစားရှိမြေစိုက်ဆိုင်းဘုတ်အားလေပြင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်အလက်များပါသည့် ဗီနိုင်းပိုစတာကပ်၍ အများပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ရန် စိုက်ထူပေးခဲ့ပါပြောင်း သတင်းရရှိပါသည်။ Source: ရမည်းသင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw #mdy_dec2020